Meizu M6 ကို unicode သွင်းနည်း

Meizu M6 ကို uni သွင်းတာ တော်တော်လည်သွားတယ်ဗျာ ဒေါင်းလိုက်ရတဲ့ root apk တွေ သူများဖုန်းတော့ မပြောတတ်ဘူး ကျနော့်ဖုန်းတော့ kingroot kingoroot တခြားဟာတွေနဲ့ တခုမှအဆင်မပြေခဲ့ပါဘူး Bro Yan Aung Moe လည်း ကျနော်ကို လုပ်ပုံလုပ်နည်း ပြောရင်းနဲ့ သူလည်း အချိန်တော်တော်ကုန်ခဲ့ပါတယ် အခုရသွားတာက ဒီမှာ တင်ထားတဲ့နည်းနဲ့အဆင်ပြေသွားတာပါ မူရင်း post ပျက်သွားမှာစိုးလို့အောက်မှာကူးယူပေးထားပါတယ်
(Flyme 7,Flyme 6 global version တင်ထားသော M6 note,Pro7,Pro7+,Pro6+,Mx6,M6s M5note (flyme 7) root permission မရသော ဖုန်းများတွင် root permission ရအောင်ပြုလုပ်နည်း
At your own risk.
  1. အရင်ဆုံး ကိုယ့်ဖုန်းထဲမှာ flyme acc ဝင်ထားပါ
  2. Quick shortcutmaker apk ဒေါင်းပါ  Download Here
  3. Setting,display and brightness,Easy mode ကို enable လုပ်ပါ
  4. Quick shortcutmaker apk ကိုဖွင့်ပါ
  5. Flyme ကိုရှာပါ တွေ့ရင်နှိပ်လိုက်ပါ
  6. com.meizu.root.openSystemRightactivity ကိုရှာပါ တွေ့ရင်တချက်နှိပ်ပါ Create လုပ်ပေးလိုက်ပါ
  7. Home screen ပေါ်မှာ flyme ဆိုပြီးပေါ်လာပါမယ်
  8. internet ဖွင့်ပြီး flyme ထဲဝင်လိုက်ပါ အောက်ဆုံးမှာ accept ကိုအမှန်ခြစ် ok နှိပ် မိမိ flyme acc ထည့်ပေးလိုက်ပါ reboot ကျပြီးပြန်တက်လာရင် root permission ရပါပြီ ( easy mode ပြန်ထွက်လိုက်ပါ)
အဲ့ဒါဆို root access ရသွားပါပြီ root ရသွားရင် အောက်ကအတိုင်း ယူနီကုဒ်ဖောင့်ကိုသွင်းပါဗျ
Meizu ကို unicode ပြောင်းမယ်
  1. ကြိုက်တဲ့ unicode font ကိုဒေါင်းပါ [ မြန်မာယူနီကုဒ်ဖောင့်အလှများရယူရန် ]
  2. ZawgyiOne.ttf လို့ file name ပြောင်းပါ(file name ချိန်းပီးသား unicode font Download Here
  3. ES file explorer ကိုဒေါင်းပါ Download Here
  4. ES file explorer apk ကိုဖွင့်ပါ
  5. root permission တောင်းရင် allow ပေးလိုက်ပါ still allow နှိပ်ပါ
  6. ES file explorer ထဲက root explorer ကို on ပါ
  7. ES file explorer ထဲကနေ အပေါ်က file name ချိန်းခဲ့တဲ့ ZawgyiOne.ttf file ကိုရှာပါ (ကျွန်တော့ဖုန်းမှာက internal storage >> download ထဲမှာပါ)
  8. ZawgyiOne.ttf file ကို copy ယူပါ
  9. ES file explorer >> device>> System >> Fonts >> ထဲသွားပီး paste နှိပ်ပါ
  10. Overwrite နှိပ်ပါ
  11. China version(A version) သမားတွေက theme apk >> fonts ထဲသွားပီး system default ကိုရွေးပီး ဖုန်းကို restart ချပါ (Global version G သမားတွေက restart ချရင်ရပါပီ theme ထဲသွားစရာမလိုပါ)
  12. ဖုန်းပြန်တက်လာရင် unicode ဖြစ်ပါပီ
Font style ချိန်းချင်ရင်တော့ ခုထက်ပိုပီး အဆင့်များပါလိမ့်မယ်
meizu flyme 7.0 os အတွက်ပါ

1 comment: